ကျွန်မတို့ အင်းလေးမှာ နှစ်စဉ် ဆောင်းတွင်းဆိုရင် ဇင်ယော်ငှက်များ ဆောင်းလာခိုကြပါတယ်။ ဆောင်းရာသီနဲ့ နွေရာသီပတ်ဝန်းကျင်မှာ အင်းလေးကို အလည်ရောက်ဖူးတဲ့ သူများဆိုရင်တော့ မော်တော်ဆိပ်မှာ ဇင်ယော်အစာဝယ်ပြီး မော်တော်နောက် လိုက်ပျံလာတတ်တဲ့ ဇင်ယော်ငှက်ကလေးများကို အစာပစ်ကြွေးဖူးကြပါလိမ့်မယ်။
ဇင်ယော်ကို အင်းလေးမှာကတော့ နှင်းအေးလို့ခေါ်ကြတယ်။ ကြည့်ရတာ နှင်းနဲ့တူတဲ့ ဖြူဖွေးတဲ့သူ့ရဲ့ အမွှေးအရောင်ကို လိုက်ပြီး နာမည်တွင်ခဲ့တာနဲ့ တူပါတယ်။ ဒါပေမယ့် တောင်ပံလေးတွေကတော့ မီးခိုးရောင်လေးတွေပါ။
ကျွန်မတို့ငယ်ငယ်အင်းလေးမှာ နေတုံးကဆိုရင် ဆောင်းစ၀င်ပြီဆိုတာနဲ့ ညနေ နေ၀င်ရီသရောဆို အကောင်လေးငါးဆယ်ပါတဲ့ နှင်းအေးတွေ အုပ်လိုက် ရွာထဲကိုဝင်လာတတ်ပါတယ်။ ငါးနာရီ ငါးနာရီခွဲလောက်ပေါ့။ အဲဒီအချိန်ဆို အိမ်က ညစာစားပြီးကျန်တဲ့ ထမင်းကြမ်းလေးတွေကို လက်လေးနဲ့ သေးသေးလေးတွေဆုပ်ပြီး နှင်းအေးစာကြွေးကြတာ အရမ်းပျော်ဖို့ ကောင်းပါတယ်။ ထမင်းဆုပ်ကို မပစ်ခင် လက်ကလေးကိမြှောက်မြှောက်ပြီး နှင်းအေးရေး.. ရော့ရော့ရော့ လို့အော်ပြီး နောက်ဆုံးမှ ရော့ ဆိုပြီးမြှောက် ပစ်ထည့်လိုက်ရင် စောင့်နေတဲ့ နှင်းအေးတကောင်ကောင်ကတော့ ရေထဲပြုတ်မကျခင် ရအောင်သုတ်လိုက်နိုင်တာပဲ။ သူလိုလိုငါလိုလိုနဲ့ ကြားထဲကလွတ်ပြီး ရေထဲကျသွားရင်လဲ တကောင်ကောင်က ရေထဲကနေရအောင် သုတ်စားလိုက်တာပဲ။ ဇင်ယော်ငှက်အကောင်လေးငါးဆယ်လောက် ကိုယ့်ခေါင်းပေါ်မှာတဂီးဂီး တဂစ်ဂစ်နဲ့ အော်သံတွေကြားမှာ အစာကြွေးရတာ ကလေးဘ၀ရဲ့ ပျော်စရာ အချိန်တွေထဲက တစ်ခု ပေါ့။ ပတ်ဝန်းကျင်အိမ်တွေကပါကျွေးကြရင်တော့ ကိုယ့်နားက အုပ်စုကလဲ နည်းသွားတာပေါ့။

ကျောင်းကပြန်လာပြီး၇င် ညစာ ထမင်းချက်ဖို့ ဆန်ဆေးပေးရလေ့ရှိတဲ့ကျွန်မကတော့ ဇင်ယော်တွေစ၀င်ပြီး နောက်ရက်တွေဆိုဆန်နို့ဆီဗူးဝက်လောက် ပိုဆေးပစ်လိုက်တာပဲ။
ဒါပေမယ့် ခုနောက်ပိုင်း ဆောင်းတွင်းမှာ အင်းလေးကို ပြန်ရောက်ရင်လဲ အရင်တုံးကလိုက နှင်းအေးတွေ ရွာထဲမှာ အစားလာတောင်းတာမျိုးမရှိတော့ဘူး။ ဖြစ်နိုင်တာက ဆောင်းလာခိုတဲ့ နှင်းအေးအရေအတွက် နည်းသွားလို့ဖြစ်ရမယ်။ အင်းလည်မှာတော့ လှိုင်းလေးစီးလိုက်၊ ရေထဲကငါးကို ထိုးသုတ်လိုက်၊ မော်တော်တွေနောက်ကို လိုက်ပျံပြီး ခရီးသည်တွေပစ်ကျွေးတဲ့ အစာတွေကို လိုက်သုတ်လိုက် လုပ်နေတဲ့ နှင်းအေးတွေတော့ တွေ့နေရတုံးပဲ။ ကျွန်မလဲ အင်းလေးပြန်ဖြစ်တဲ့အခါ အင်းလည်ရောက်လို့ နှင်းအေးတွေတွေ့ရင် ပါလာတဲ့ ပေါင်မုန့်လေးတွေကို ပစ်ကြွေးရင်း ငယ်ဘ၀ကပျော်ရွှင်မှုလေးတွေကို ပြန်ခံစားမိတုံးပါပဲ။
ခုတော့ ကျွန်မကိုယ်တိုင်လဲ ငှက်တကောင်လိုပဲ ဇာတိမြေရဲ့ အဝေးတနေရာမှာ ဆောင်းခိုနေရပါတယ်။ဒါပေမယ့် ခုနောက်ပိုင်း ဆောင်းတွင်းမှာ အင်းလေးကို ပြန်ရောက်ရင်လဲ အရင်တုံးကလိုက နှင်းအေးတွေ ရွာထဲမှာ အစားလာတောင်းတာမျိုးမရှိတော့ဘူး။ ဖြစ်နိုင်တာက ဆောင်းလာခိုတဲ့ နှင်းအေးအရေအတွက် နည်းသွားလို့ဖြစ်ရမယ်။ အင်းလည်မှာတော့ လှိုင်းလေးစီးလိုက်၊ ရေထဲကငါးကို ထိုးသုတ်လိုက်၊ မော်တော်တွေနောက်ကို လိုက်ပျံပြီး ခရီးသည်တွေပစ်ကျွေးတဲ့ အစာတွေကို လိုက်သုတ်လိုက် လုပ်နေတဲ့ နှင်းအေးတွေတော့ တွေ့နေရတုံးပဲ။ ကျွန်မလဲ အင်းလေးပြန်ဖြစ်တဲ့အခါ အင်းလည်ရောက်လို့ နှင်းအေးတွေတွေ့ရင် ပါလာတဲ့ ပေါင်မုန့်လေးတွေကို ပစ်ကြွေးရင်း ငယ်ဘ၀ကပျော်ရွှင်မှုလေးတွေကို ပြန်ခံစားမိတုံးပါပဲ။
ပထမဆုံးကြိုးစားပြီး စတင်လိုက်တဲ့ ပိုစ့်က အလွမ်းပိုစ့်လေးဖြစ်သွားတော့ နောက်ပိုင်းလဲ တမ်းတမှုတွေနဲ့ ပြည့်နေတဲ့ ဘလောဂ့် တခုပဲဖြစ်သွားမလား မသိတော့ပါဘူး။
အင်းထဲဆင်းတိုင်း အစာကျွေးခဲ့စမြဲ သူတို့ကိုကျွေးရင် ကျနော်ပါ စားမိတတ်တယ်
ReplyDeleteဇင်ယော်လေးတွေက ဖွေးဖွေးလေးတွေနဲ့ ချစ်စရာလေးတွေလေ။
ဒီတစ်ခေါက် ဓါတ်ပုံတွေ အားရပါးရ ရိုက်လာခဲ့သေးတယ်ဗျ
လာဆွေးနွေးပေးသွားတာ ကျေးဇူးပါခင်ဗျာ..
ရွာသားရေ...အမရဲ့ အိမ်လေးထဲကို လာနှုတ်ဆက်တာ ကျေးဇူးပါနော်။ ကိုယ့်ဟာကို ရေးချင်လွန်းလို့သာ စရေးလိုက်တာ။ နေ့တိုင်းနေ့တိုင်း ဘလော့ဂ်မဖတ်ရမနေနိုင် လိုက်ဖတ်ဖြစ်နေတာကလွဲပြီး ကွန်မန့်တောင်ပေးလေ့မရှိတတ်တော့ ဘလော့ဂ်နဲ့ပတ်သက်ပြီး ဘာမှ သိပ်နားမလည်ပါဘူး။ ကိုယ့်အိမ်က ဆောက်လက်စ၊ မပြည့်မစုံဆိုတော့ လာဖတ်တဲ့လူကိုတောင် အားနာမိတယ်။ ဒါပေမယ့် မပြည့်မစုံလေးကိုပဲ အားပေးပါအုံးနော်။
ReplyDelete